ပြောချင်သမျှ
About Me: my origin, education background, where I worked, research interests, and more...
ဉာဏ်ပညာ နဲ့ ချစ်ခြင်းတရားတို့ လူအသိုက်အဝန်းမှာ ထုံမွှမ်းဖို့ မဆုတ်မနစ် ကြိုးပမ်းသွားတဲ့ လူသားတစ်ဦး ရှိခဲ့တဲ့ အကြောင်းကို မျိုးဆက်အသီးသီးက အမှတ်တရ ရှိနေဖို့ အတွက် ရည်ရွယ်တယ်။
လူ့အသိုက်အဝန်းထဲမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အကြောင်းတွေ၊ နိုင်ငံရေးက စလို့၊ အခြား ရေးရာကိစ္စတွေနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်တွေကို ချရေးထားတဲ့ နေရာဖြစ်တယ်။
လူ့သမိုင်းမှာ သိတာတွေ များခဲ့ပြီဖြစ်သလို၊ မသိတာတွေလည်း အများကြီးပဲ ရှိသေးတယ်။ ယှဉ်လိုက်ရင် မသိတာတွေက ပိုများမယ်။ လူတွေဟာ ရှာဖွေရင်းနဲ့ ခရီးနှင်နေကြရတာ။ သုတေသနဆိုတာ ဒီခရီးလမ်းအတွက် လောင်စာပဲ။
လူတွေဟာ ခရီးသည်တွေပဲ။ စမှတ်ကလည်း ရေရောရာရာမရှိသလို၊ ဆုံးမှတ်ကိုလည်း သေသေချာချာ သိဖို့ ခက်တယ်။ ရှင်သန်ရတဲ့ တစ်ဒင်္ဂလေးတွေမှာပဲ ခရီးသွားခွင့်ရကြတာ။ ဒီအခွင့်ရခိုက်မှာ မှတ်တမ်းလုပ်ထားတဲ့ သဘောပဲ။
ဘဝမှာ မှတ်မှတ်ရရ ရှိခဲ့တဲ့ အခိုက်အတန့်တွေရှိတယ်။ အချိန်ရဲ့ တိုက်စားမှုနဲ့အတူ မှတ်ဉာဏ်ထဲမှာ ဖျော့တော့မသွားခင် မှတ်တမ်းတင်ထားခဲ့ ချင်တယ်။